နွေဦးတော်လှန်ရေး၏ ပဏမ အောင်မြင်မှုကြီး

နွေဦးတော်လှန်ရေး၏ ပဏမ အောင်မြင်မှုကြီး

စစ်အာဏာသိမ်းအဖွဲ့ လူလော၊ တိရစ္ဆာန်လော။

လူဆိုသည်မှာ ကြီးနိုင်ငယ်ညှဉ်းမလုပ်။

လက်နက်အားကိုးပြီး လက်နက်မဲ့ပြည်သူကိုမသတ်။

ပြည်သူ့အိုးအိမ်စည်းစိမ်ကိုမဖျက်ဆီး။

သံဃာတော်များကို မနှိပ်စက်၊ မသတ်ဖြတ်။

အခြားဘာသာဝင်များကို မနှိပ်ကွပ်။

အမျိုးသမီးများကို နသားဘာယမလုပ်။

ရင်သွေးငယ်များကို ဇိဝိန်မချွေ။

လူဆိုသည်မှာ သားရေပေါ်အိပ်၊ သားရေနားးစား မလုပ်

ခွေးတို့သည်သာ ထိုအကျင့်ကျင့်၏။

စစ်အာဏာသိမ်းအဖွဲ့နှင့် အပေါင်းပါ များသည်

(၅၃) သန်းသောပြည်သူအပေါင်း၏

ထောက်ခံမှု၊ လေးစားမှုမရ။

ပြည်သူလူထုတရပ်လုံးသည်

ဒင်းတို့ကို သူရဲ၊ သဘက်ကဲ့သို့ သဘောထား။

အိုးစလောင်းတီးပြီး နာနာဘာ ဝတို့ကို တောထုပ်နေပြီ။

လူစိတ်ပျောက်နေသော အနှီစစ်ခွေးနဲ့ စစ်ခွေးနွယ်ဝင်များကို

မြန်မာ့လူ့အဖွဲ့အစည်းမှ ကျဉ်နေပြီ။

အလွန်ထိရောက်သည့် လူမှု့ကျိန်စာသင့်ပြီ။

ဒီစစ်ဏာသိမ်း လူ့အန္တ (ဝါ) တိရစ္ဆာန်များကို

မြန်မာပြည်သူလူထုတစ်ရပ်လုံး လက်မခံ။

စစ်အာဏာသိမ်းအဖွဲ့သည် တရုတ် ပိုက်လိုင်း ကာကွယ်သည့်

တရုတ်ကြေးစား၊ နောက်ပိတ်ခွေးအဆင့်သာရှိ။

လက်နက်မဲ့ပြည်သူများ၏ ရွံရှာစက်ဆုပ်မုန်းတီးမှုကြောင့်

ဒီတရုတ်ဘောဆွဲ လက်မရွံ စစ်ခွေးတို့သည်

မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျောမလုံတော့။

သေနတ်ကိုင်ပြီး သူရဲဘောကြောင်သော စစ်ခွေးတို့သည်

မြန်မာအသိုင်းအဝိုင်း မြို့ရွာများမှထွက်ပြီး

"ရွာမှထွက်၍ နေပြည်တော်လှိုဏ်ခေါင်းများတွင်

အတုံးအရုံးသေပြီး၊ ကောင်သေလင်းတဆွဲမည့်

အနေအထားရောက်ရခြင်းသည်

မြန်မာပြည်သူလူထုတရပ်လုံးပါ

လူမျိုးမရွေး၊ ဘာသာမရွေး

တက်ညီလက်ညီနွဲသော

နွေဦးတော်လှန်ရေး၏

ပဏမ အောင်မြင်မှုကြီးဖြစ်သည်။

ပြည်သူ၏ပါဝါ

ဝန်ထမ်းများ၏ CDM ပါဝါကို

မိတ်ဆွေလျှော့မတွက်ပါနဲ့။

အရေးတော်ပုံအောင်ဖို့ နီးနေပါပြီ။

May 18, 2021 | Blog
Published by NOW.WORLD on May 11, 2021 Dear G7 Leaders, We, pro-...
Sep 12, 2019 | Blog
"Rohingya Ethnic Nationality" A historic letter by my late great-...
Sep 20, 2018 | Op-Eds, | Blog
Humanitarian Colonialisms in the Rohingya Genocide NGOs destroy civil...
Aug 28, 2018 | Blog
Buddhist Nationalism in Burma Institutionalized racism against the...
Apr 27, 2018 | Blog
Un-official translation of the official Burmese transcript of the...