ရေးသားသူ - ကိုသက်ဆွေဝင်း
ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး မြန်မာပြည်ဘက်ကို ခိုးဝင်ပြီး လာနေထိုင်ကြတယ်ဆိုတဲ့ စကားတွေကြားတိုင်း ကျနော်အမြဲ အငြင်းအခုန်ဖြစ်ရတယ်။
၁။ ဘင်္ဂလားဒေ့ရှ် ကော့ဘ်ဘဇားဒေသရဲ့ infrastructure တွေနဲ့ လူနေမှုက ကိုယ်တွေထက်ပိုသာတယ်။ (လမ်းတွေ၊ တယ်လီဖုန်းဆက်သွယ်ရေးတွေ။ လမ်းဆိုရင် မြန်မာပြည် နယ်စပ်ထိ ကတ္တရာလမ်း ချိုင့်တခုမှမရှိဘူး။ မိုဘိုင်းဖုန်းဆိုရင်လည်း ကိုယ်တွေမသုံးခင်ကတည်းက သုံးနေကြတာ)
၂။ အခြေခံလုပ်ခလစာဝင်ငွေ ပိုသာတယ်။ (တစ်ရက်ကို မြန်မာငွေငါးထောင်လောက်ဝင်ငွေရှိတယ်။)
၃။ လွတ်လပ်ခွင့်ပိုရှိတယ်။ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းတွေလည်းရှိပြီး ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာမှာ မြန်မာပြည်ထက်ပိုရှိတယ်။ ( မြန်မာပြည်ဘက်မှာ ပြသနာတွေတက်တုန်းက ရာမူးဘက်က ဘုန်းကြီးကျောင်းတချို့ကို အစွန်းရောက်တွေက ဝင်ဖျက် မီးရှို့တာကို အစိုးရက လုပ်တဲ့သူတွေကို ချက်ချင်းအရေးယူပြီး အပျက်အစီးတွေကို အစိုးရစားရိတ်နဲ့ပြင်ပေးတယ်။ ဘာသာရေးပွဲတွေကျရင် လုံခြုံရေးယူပေးတယ်။ ကော့ဘဇားဒေသမှာတင် ဗုဒ္ဒဘာသာ လူနည်းစု ၃သောင်းလောက်ရှိတယ်။ အေးဆေးပဲ)
၄။ ပညာရေးဘက်မှာလည်း ကိုယ်တွေထက်အများကြီးသာတယ်။ သူတို့ သင်ရိုးညွှန််းတမ်းတွေက မြန်မာပြည်ထက်ကောင်းတယ်။
၅။ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စတော့သိပ်အများကြီးမသိဘူး။
၆။ နိုင်ငံရေးဆိုင်ရာလည်း နိုင်ငံသားတွေ ဒီမိုကရေစီကျင့်သုံးခွင့်က မြန်မာပြည်ထက်သာတယ်။
၇။ သူ့နိုင်ငံရဲ့ GDP ကလည်း မြန်မာပြည်ထက်မြင့်တယ်
အဲ့လိုနိုင်ငံကလူတွေက မည်းမည်းမြင်သမျှ ဘင်္ဂါလီလုပ် မြင်ရင် ပစ်သတ် ဖမ်းချုပ်ပြီး ရွာထဲက ရွာပြင်ပေးမထွက်ပဲ အကျဉ်းထောင်လိုထားတဲ့ နိုင်ငံကို ဘာတွေများ မက်လောက်စရာရှိလို့ ခိုးဝင်လာကြမှာတုန်းဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ သူတို့တကယ်ခိုးဝင်ကြမယ်ဆိုရင် india တို့ ဘာတို့ကတဆင့် အရှေ့အလယ်ပိုင်းက ဘာသာတူ ချမ်းသာတဲ့နိုင်ငံတွေကို သွားပြီး သူတို့ဘဝတက်လမ်းကို ရှာကြမှာပေါ့။ ဘာကြောင့်များ ဒီလောက် ဒုက္ခရောက်နိုင်တဲ့လမ်းကိုရွေးပြီး မြန်မာပြည်ထဲလာနေမလဲ။ နည်းနည်းတော့ သေချာတွေးကြသင့်တယ်။
ခိုးဝင်ဘင်္ဂါလီဆိုပြီး မိလိုက်တဲ့သူတွေတိုင်းက စစ်တွေ ဘူးသီးတောင် စတဲ့နေရာတွေက ကမ့်တွေမှာ မနေနိုင်တော့လို့ မြန်မာနိုင်ငံကတဆင့် ထိုင်း မလေး စတဲ့နိုင်ငံတွေကို သွားဖို့ စွန့်စားထွက်ပြေးလာတဲ့သူတွေပဲ။ ဘယ်သူမှ အသေခံပြီး ကိုယ့်နေရပ်ကို စွန့်ခွာဖို့ တော်ရုံစဉ်းစားမှာမဟုတ်ဘူး။ ကော့ဘဇားက ကူတူပလောင် ကမ့်ထဲမှာ ကလေးတယောက် ရေးထားတဲ့စာလေးတကြောင်း မျက်စိထဲပြန်မြင်ယောင်လာတယ်။
"ရေထဲမှာအန္တရာယ်တွေရှိတယ်ဆိုတာ သိတာပေါ့။ ဒါပေမယ့် ကုန်းပေါ်က အိမ်က ရေထဲမှာလောက် မလုံခြုံတော့မှတော့ အရဲစွန့်ပြီး ရေထဲထွက်ပြေးကြရတာပေါ့" ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့စကားလေးတခွန်းပဲ။
ဒီလူတွေ ဘာကြောင့်ခိုးဝင်တယ်ဆိုတဲ့မေးခွန်းထက် ဒီလူတွေဘာကြောင့််များ သူတို့ဒေသမှာ မနေနိုင်ကြတော့ပဲ အသက်အသေခံပြီး အရဲစွန့် ထွက်ပြေးလာကြတာလဲဆိုတာများ ခင်ဗျားတို့ပြောင်းပြီးတွေးဘူးကြသလား။ ကိုယ့်ကလေးတွေကို ဒီလောက် အန္ဆရာယ်များတဲ့ ရေလမ်းခရီးမှာ အသက်စွန့်ပြီး ခေါ်လာတယ်ဆိုကတည်းက မိဘတွေရဲ့ ပူပင်သောကကို ခင်ဗျားတို့ ကိုယ်ချင်းစာခံစားကြည့်ကြစမ်းပါ။ အဲ့ဒီကလေးတွေရဲ့မျက်လုံးလေးတွေကို စေ့စေ့ကြည့်ပြီး ခင်ဗျားတို့ရင်ထဲကအမုန်းတွေနဲ့ လောင်မြိုက်ကြည့်စမ်းပါ။ လူစိတ်ကလေးများ နည်းနည်းမွေးကြပါလားဗျာ။ အောက်တန်းစားစိတ်ဓါတ်တွေနဲ့ လူ့အဖွဲ့အစည်းတရပ်ကို ထူထောင် ကြတော့မလို့လားဗျာ။
ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ။ လူသားဝါဒ ထွန်းကားပါစေ။ လူလူချင်း တန်ဖိုးထားတတ်ကြပါစေ။ ကိုယ့်လိပ်ပြာကိုယ်လုံကြပါစေ။
ရေးသားသူ - ကိုသက်ဆွေဝင်း
ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး မြန်မာပြည်ဘက်ကို ခိုးဝင်ပြီး လာနေထိုင်ကြတယ်ဆိုတဲ့ စကားတွေကြားတိုင်း ကျနော်အမြဲ အငြင်းအခုန်ဖြစ်ရတယ်။
၁။ ဘင်္ဂလားဒေ့ရှ် ကော့ဘ်ဘဇားဒေသရဲ့ infrastructure တွေနဲ့ လူနေမှုက ကိုယ်တွေထက်ပိုသာတယ်။ (လမ်းတွေ၊ တယ်လီဖုန်းဆက်သွယ်ရေးတွေ။ လမ်းဆိုရင် မြန်မာပြည် နယ်စပ်ထိ ကတ္တရာလမ်း ချိုင့်တခုမှမရှိဘူး။ မိုဘိုင်းဖုန်းဆိုရင်လည်း ကိုယ်တွေမသုံးခင်ကတည်းက သုံးနေကြတာ)
၂။ အခြေခံလုပ်ခလစာဝင်ငွေ ပိုသာတယ်။ (တစ်ရက်ကို မြန်မာငွေငါးထောင်လောက်ဝင်ငွေရှိတယ်။)
၃။ လွတ်လပ်ခွင့်ပိုရှိတယ်။ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းတွေလည်းရှိပြီး ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာမှာ မြန်မာပြည်ထက်ပိုရှိတယ်။ ( မြန်မာပြည်ဘက်မှာ ပြသနာတွေတက်တုန်းက ရာမူးဘက်က ဘုန်းကြီးကျောင်းတချို့ကို အစွန်းရောက်တွေက ဝင်ဖျက် မီးရှိှု့တာကို အစိုးရက လုပ်တဲ့သူတွေကို ချက်ချင်းအရေးယူပြီး အပျက်အစီးတွေကို အစိုးရစားရိတ်နဲ့ပြင်ပေးတယ်။ ဘာသာရေးပွဲတွေကျရင် လုံခြုံရေးယူပေးတယ်။ ကော့ဘဇားဒေသမှာတင် ဗုဒ္ဒဘာသာ လူနည်းစု ၃သောင်းလောက်ရှိတယ်။ အေးဆေးပဲ)